International News

အီးယူနှင့် အမေရိကန် အခွန်ဆိုင်ရာ သဘောတူညီချက်အပေါ် ပူးတွဲကြေညာချက် ထုတ်ပြန်

Last Updated:

အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ၍ တန်ဖိုးရှိသောအမေရိကန်နှင့် အီးယူတို့၏ ပို့ကုန်များဈေးကွက်ဝင်ရောက်ခွင့် တိုးတက်လာစေမည့် အခွန်နှုန်း ထား လျှော့ချခြင်းအစီအစဉ်အတွက် သဘော တူညီချက်တစ်ရပ်ကို အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan နှင့် အမေရိကန် ကုန်သွယ် ရေးကိုယ်စားလှယ် Robert Lighthizer တို့က ၂၁-၈-၂၀၂၀ နေ့တွင်ကြေညာခဲ့ကြောင်း ဥရောပကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါသဘောတူညီချက်အရ အမေရိကန်နိုင်ငံမှ အီးယူသို့တင်သွင်းသည့် ကျောက်ပုစွန်အရှင်နှင့် အေးခဲကျောက်ပုစွန်များအပေါ် အီးယူမှအခွန် နှုန်းထားများကို ဖယ်ရှားပေးမည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်တွင် ၎င်းထုတ်ကုန်များ အမေရိကန်နိုင်ငံမှ အီးယူသို့တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၁၁၁ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။

အီးယူသည် ယင်းသို့ အခွန်နှုန်းထားများဖယ်ရှားပေးခြင်းကို Most Favored Nation (MFN) basis ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ နောက်ကြောင်း ပြန်အသက်ဝင်မည်ဖြစ်သည်။ အီးယူ၏ အခွန်နှုန်းထားများအား အချိန်ကာလ (၅) နှစ်ကြာ ဖယ်ရှားပေးသွားမည်ဖြစ်ပြီး၊ ဥရောပကော်မရှင်သည် အခွန်နှုန်းထားပြောင်းလဲမှု လုပ်ထုံးလုပ်နည်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြုပြင်ထားသော အစား အစာများ၊ ဖန်ထည်ပစ္စည်းများ၊ surface preparations ၊ propellant powders ၊ မီးခြစ်များ စသည့်ထုတ်ကုန်များအပါအဝင် နှစ်စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၆၀ သန်းတန်ဖိုးရှိသည့် အီးယူပို့ကုန်များအပေါ် အခွန် နှုန်းထားများကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ အခွန်နှုန်းထားလျှော့ချမှုကိုလည်း MFN basis ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင်၍ နောက်ကြောင်းပြန် အသက်ဝင်မည်ဖြစ်သည်။ အီးယူ-အမေရိကန် ဆက်ဆံရေးတိုးတက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်ဦးနှစ် ဘက်အကျိုးဖြစ်ထွန်းစေမည့် ယခုသဘောတူညီချက်သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးအတွက် အပြုသဘော ဆောင်သောရလဒ်များ ယူဆောင်လာမည်ဖြစ်ကြောင်း၊ ယခု အခွန်နှုန်းထားလျှော့ချသည့် အစီအစဉ်သည် လွတ်လပ်မျှတပြီး အပြန်အလှန် ဖြစ်သော အတ္တလန္တိတ်ဖြတ်ကျော်ကုန်သွယ်မှုကို ဖန်တီးပေးနိုင်မည့် ထပ်ဆောင်းသဘောတူညီချက်များဆီသို့ ဦးတည်သည့် လုပ်ငန်းစဉ်၏ စတင်မှု တစ်ခုဖြစ်ရန် မိမိတို့အနေဖြင့် ရည်ရွယ်ခြင်းဖြစ်သည်ဟု  Lighthizer နှင့် Hogan တို့က ပြောကြားခဲ့ကြောင်း သိရသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဥရောပကော်မရှင်၊ Statement)

Category: International News